How asp.net works ?
Wednesday, March 24, 2010 by Pie Min Swe
Asp.net ဟာ dynamic websites တွေနဲ့ web applications တွေ ဖန်တီးဖို့ Microsoft က develope လုပ်ခဲ့တဲ့ web application framework ပါ။ သူဟာ .NET framework ကြီးရဲ့ အဓိက အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ .NET framework ကတော့ ကျွန်တော်တို့ရေးမယ့် asp.net dynamics websties တွေနဲ့ web applications တွေ အလုပ်လုပ်ဖို့အတွက် Windows ပေါ်မှာ install လုပ်ထားရတဲ့ software layer ကြီးပါ။ သူ့ကို install လုပ်မထားရင် ကျွန်တော်တို့ရဲ့ local web sever ဟာ asp.net web applications တွေကို execute လုပ်ပေးနိုင်မှာမဟုတ်ပါဘူး။
asp.net website ကို အပြီးသတ်ရေးပြီး domain name တစ်ခုနှင့် hosting လုပ်ကာ အင်တာနက်ပေါ်မတင်ခင် ကျွန်တော်တို့ရဲ့ ရေးလက်စ asp.net web sites ဟာ ကျွန်တော်တို့ computer ပေါ်မှာပဲ ရေးလိုက် run ကြည့်လိုက်လုပ်နေရမှာပါ။ ဒါကြောင့် ကျွန်တော်တို့computer ကပဲ browser ဖြစ်ပြီး ကျွန်တော်တို့computer ကပဲ web server ဖြစ်နေမှာပါ။ ဒါကို local web server လို့ ခေါ်ပြီး အဲလို ကိုယ့်စက်မှာရေးနိုင်ပြီး ကိုယ့်စက်မှာ run ကြည့်နိုင်ဖို့ microsoft visual developer တင်ထားရမှာပါ။ ဒါဟာ IDE တစ်ခုဖြစ်ပြီး သူ့ကို install လုပ်လိုက်ရင် .NET framework ,web sever နဲ့ လိုအပ်တဲ့ ဟာတွေအကုန်လုံးကို တစ်ခါတည်း တင်ပေးသွားမှာပါ။ ဒီနေရာမှာ ဘာမှ မသိသေးတဲ့ pure beginner တွေအတွက် install ပြုလုပ်ပုံ အဆင့်ဆင့်ကို article တစ်ခု ခွဲပြီး ရေးပါမယ်။
|see more details understanding and installing VisualWebDeveloper IDE in comming article|

How Does ASP.NET Work?
ပုံမှန် web surfing လုပ်တဲ့အခါ browser ရဲ့ html request ကို web server က ကိုင်တွယ်ပြီး သက်ဆိုင်ရာ html web page ကို browser ဆီကို ပြန်ပို့ပေးပါတယ်။ broswer က asp.net file ဖြစ်တဲ့ .aspx file ကို request လုပ်ရင်တော့ web sever ဟာ သူမကိုင်တွယ်နိုင်တဲ့အတွက် အဆိုပါ asp.net file ကို asp.net engine ဆီကို လွှဲပေးပါတယ်။ asp.net engine ဟာ request file ကို ဖတ်ပြီး file ထဲက သူကောင်းကောင်းနားလည်တဲ့ sever sided scripts တွေကို execute လုပ်ပါတယ်။ ထွက်လာတဲ့ result ကိုတော့ html အဖြစ် ပြောင်းလဲပြီး browser ဆီကို ပြန်ပို့ပါတယ်။
|စမ်းသပ်ရေးခြင်း|